Sunday, September 20, 2015

ကွန်ပျူတာသင်တန်း ကြော်ငြာလေးပါ

Global Computer Training Center
ကွန်ပျူတာသင်တန်း
အခြေခံမှစတင်ပြီး ကျွမ်းကျင်တတ်မြောက်စေရန် စံနစ်တကျလေ့ကျင့် သင်ကြားပေးသော သင်တန်းဖြစ်သည်။

စတင်လေ့လာသူများအတွက် အခြေခံအဆင့် (Microsoft Window Operating System)
Microsoft Window Xp သင်တန်း ( သင်တန်းကာလ -1 လ ခွဲ)
Microsoft Window Seven
Microsoft Window Eight 8
၎င်းသင်တန်းများသည် ကွန်ပျူတာ စတင်အသုံးပြုသူများအတွက် အထူးသင့်တော်သော သင်တန်းဖြစ်သည်။

သင်ကြားမည် Couse Outline မှာ

Microsoft Window Operating Couse တွင် ကွန်ပျူတာ တစ်ခုလုံး၏ အလုပ်လုပ်ပုံကို လုံးဝ ကျွမ်းကျင်တတ် မြောက်အောင် သင်ကြားပေးမည် Course ဖြစ်သည်။
လုံးဝ အခြေကျသော Very Basicting Foundation Course ဖြစ်သည်။ ၄င်းသင်တန်းပြီးဆုံးလျှင် ကွန်ပျူတာ တစ်ခုလုံး၏ အလုပ်လုပ်ပုံများကို ကျွမ်းကျင်တတ်မြောက်သိအတွက် A+ သင်တန်းကို ဆက်လက်လေ့လာလျှင် နောက်ထပ် 1 လ အချိန်ပေးလျှင် သင်ကိုယ်တိုင် ကွန်ပျူတာ ပြင်နိုင်သော ကွန်ပျူတာ Technican တစ်ယောက်ဖြစ်လာမည့် အခွင့်အရေးဖြစ်သည်။ Course Outline Detail မဖော်ပြချင်တော့ပါ .. သင်တန်းကြေးမှာ မြန်မာငွေ ကျပ် (60000) ထိုင်းဘတ်ငွေ 2000 ဘတ်ဖြစ်သည်။

ရုံးသုံးစာစီစာရိုက် သင်တန်းတွင်

Microsoft Office Version များ ဖြစ်ကြသော 2003, 2007, 2010, 2013 စသော Software များစွာကို မည့်သည့် Software မဆို ကျွမ်းကျင်တတ်မြောက်စေရန် သင်ကြားပေးသော သင်တန်းဖြစ်သည်။
သင်ကြားသော သင်တန်းများမှာ

Microsoft Office Excel
Microsoft Office  Word
Microsoft Office PowerPoint
Adobe Pagemaker 7.0.1

နှင့် ဓါတ်ပုံပြုပြင်ခြင်းသင်တန်းများကို ဈေးနှုန်းချိုသာစွာဖြင့် သင်ကြားပြသပေးမည် ဖြစ်ပါသည်။ ကွန်ပျူတာပြုပြင်ခြင်း သင်တန်း၊ Network ချိတ်ဆက်ခြင်း သင်တန်း၊ အခြားCourse များစွာကို သင်ကြားပေးမည်ဖြစ်သည်။
မိမိသိလိုသော အခြားအကြောင်းအရာများကိုလည်း စိတ်ရှည်စွာဖြင့် ရှင်းလင်းသင်ကြားပေးမည်ဖြစ်သည်။
လစဉ်ပုံမှန် တန်းခွဲရှိသည်။ သင်တန်းပြီးဆုံးလျှင် သင်တန်းဆင်းလက်မှတ်ကို ချီးမြှင့်ပေးမည်းဖြစ်သည်။

တာချီလိတ်မြို့ ၏ တစ်ခုတည်းသော သင်တန်း Global Computer Training Center.
အ၀ိုင်းအနီး၊ အမှတ် (၁) တံတား၊ ဇမ္ဗူကျော်တိုက်ခန်း ၊ အမှတ် E-3 ၊ ထိုင်း 0888041047, မြန်မာ- 09250839462 
စက်တစ်လုံး တစ်ဦးစီဖြင့် တစ်နေ့စာသင်ချိန် 13း0 နှုန်းဖြင့် တင်္နလာနေ့မှာ သောကြာနေအထိ သင်ကြားပေးသည်။
စေတနာ၊ ၀ါသနာ၊ အနစ်နာ ဖြင့် ထိရောက်အောင် သင်ကြားပေးသော သင်တန်းဖြစ်သည်။

ကျွနုပ်နှင့်မရမ်းတလင်း

တနေ့သ ကျွနုပ်သည် စိုက်ပျိုးရေးခြံတွင် တစ်လလုပ်အားခ (၃၀၀၀)ကျပ်ဖြင့် အလုပ် လုပ်နေစဉ် မှော်ဝင်နေသော အဒေါ်ကြီးတစ်ယောက်က ကောင်လေး နင့်ပုံစံနဲ့ ဒီအလုပ်က မစပ်ဟပ်ဘူးဟေ့ဆိုလာလေ၏ အကျွနုပ်လည်း ဘာလဲ ဒီအဒေါ်ကြီး ဘာတွေလာပြောနေလဲပေါ့ ဟဲ့ ငါကဘာတွေလာပြောရမှာတုန်း နင့်ရဲ့ အနာဂါတ်ကို ပြောနေတာပေါ့ဟု ရုတ်တရက် စကားသံထွက်ပေါ်လာလာ၏။ ကျွနုပ်မှလည်း ... ကဲ ဒါဆိုလဲ ဟောစမ်းပါအုံးဗျာ ပြောလိုက်လေ၏။

ဒါနဲ့ အဒေါ်ကြီးက နင့် ပုံစံ ဆရာဖြစ်မယ့် လူ၊ အဲဒါနဲ့ ကျွနုပ်ဟုတ်လို့လား အဒေါ်ကြီး ... ဟုတ်မှလည်း ပြောစမ်းပါ အဒေါ် ကြီးရာ  ကျွနုပ်က ညာဖီးတွေကို သိပ်အယုံအကြည်မရှိဘူးဗျာ့ ဟိုတချိန်က အကျွနုပ်သည် .. ဗေဒင်နှင့် ပါတ်သတ်ပြီး နကန်းတလုံး သိသူမဟုတ်ပေ။ အဲ့ဒီအဒေါ်ကြီး နဲ့ တကြိမ်သာတွေ့ဆုံခဲ့ပြီး နောက်မဆုံဖြစ်တော့ပေ။ အဲ့ဒီနောက်ပိုင်း အကျွနုပ်လည်း ရန်ကုန်ကို ရောက်သွားပြီး မှော်ဘီကို နောက်ထပ်အလုပ်တစ်ခု ပြောင်းလုပ်ခဲ့သည် နောက်ထပ်လုပ်သော အလုပ်တွင် သူဌေး၏ မိတ်ဆွေသည် လက်ရှိ ဆရာကြီးမင်းသိင်္ခ၏ တပည့်ဖြစ်သည်။ သူသည် အကျွနုပ်အား ပြောကြားလာသည်။ မင်း ဆရာကြီးဆီသွားမလား .. မင်းအတွက် ကုန်ကျစရိတ်တွေ ငါအားလုံး အကုန်အကျခံမယ် ... ဆရာကြီးဆီ ပညာသင်နေစဉ်အတွင်း တူညီဝတ်စုံဖိုးကို ငါကဘဲ အကုန်ပေးမယ် ဆိုပြီး ပြောလာလေ၏။ ထိုအချိန်တွင် သူဌေး၏ မိတ်ဆွေ ဆိုသူမှာ သူ၏ ကိုယ်ပိုင်ဟောခန်းဖွင့် ထားပြီး ပုံမှန် ဗေဒင် လာမေးသူများနှင့် အဆင်ပြေနေပေပြီ။ကျွနုပ်ကလည်း စဉ်းစားဦးမယ် ဆိုပြီး စဉ်းစားခန်းဖွင့်နေလိုက်သည်။ ဟေ့ ကိုယ်လူ ခင်ဗျားက ဘာလို့ အဲလောက်အချိန်ဆွဲနေတာလဲ ...... ခုခေတ်က မြန်မှ မြန်မာဖြစ်မှာ ... ဘာဆိုလည်း သူများတွေ ပြောပြောနေတဲ့ အိုင်တီ ခေတ်ဆိုလား ဘာလား....။ နည်းပညာမှသည် သတင်းအချက်အလက် ။ အို ပြောရင်းဆိုရင် ကျော်ငြာက ၀င်နေမိပေါ့ ..... ဒါဆိုလည်း ကျွနုပ်က တက်မယ်ဗျာ ပြောလိုက်လေ၏။
အဲလိုနဲ့ နေကောင်းရက်သားရွေးပြီး လစဉ် အခမဲ့ ခုနှစ်ရက်ဗေဒင်သင်တန်း ကို ဆရာကြီးမှ ထမင်းကျွေး၊ လဘက်ရည်အခမဲ့တိုက်ပြီး သင်ပေးနေသော မရမ်းတလင်းခြံဆီသို့ ပထမဦးဆုံး ခြေချခဲ့ပေပြီ။ဆရာကြီးခြံအတွင်းမှာ ... ခုနှစ်ရက်သင်တန်းကို တက်ခဲ့သည်။ သင်တန်းပြီးသော်လည်း ကျွနုပ်က ဆရာကြီးခြံထဲမှာ ဘဲ အခြား အခြားသော သင်တန်းသစ်များ၏ ဝေယာဝေ့စ များကို ကူညီလုပ်ကိုင်ပေးရင်း  ... သင်တန်းပေါင်းများစွာ၏ အတွေ့အကြုံပေါင်းများစွာကို သင်ယူခဲ့ရပေသည်။ ခြံထဲမှာနေရင်းပင် ဆရာကြီး၏ အထောက်အပံ့ဖြင့် ဘွဲ့ရသည်အထိ ပညာသင်ယူခဲ့ပေသည်။ ဘွဲ့ရပြီးသော်လည်း ၄င်းရရှိသော ဘွဲ့ဖြင့် အစိုးရ၀န်ထမ်းလုပ်ရန် . အကြောင်းများစွာတိုက်ဆိုင်ခဲ့သော်လည်း မလုပ်ခဲ့ပေ။ ကျွနုပ်အင်မတန်မှ ၀ါသနာပါသော ဗေဒင်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် ဆုံးဖြတ် လုပ်ကိုင်ခဲ့ပေသည်။